Wednesday, August 28, 2013

ကိုယ့် အင်္ကျီ ကိုယ် မတော်သလို ဖြစ်တယ်... တဲ့


အထွေထွေ အပြားပြား ရောင်စုံလည်း ပြေးယှက်ထားဖူးပြီ

နောက်ဆုံးပေါ် အင်္ကျီ နဲ့ မှ

အသားမကျရင်တော့

သူတို့ လွဲတာ မဖြစ်နိုင်တော့...


လိုက်ဖက်အောင် ၀တ်တယ်လို့ မပြောစမ်းပါနဲ့လေ

မင့် အသားအရောင် နဲ့

မင့် မျက်နှာကျ အရ

ဒီ အဆင်ကပဲ ဖက်ရှင် အကျဆုံး...


ဟိုဒီ ငေးမောကြည့်ရင် အထာကို မိလို့...

ဘယ်လို ပြင်ပြင်

အရောင် မထွက်တဲ့ ရုပ်ခံ လို့ ပြောချင်သေး...


တကယ့် တကယ်

ကော်လံဖားဖား မဖွချင်ရင်

လက်ခေါက်ထူထူ မထပ်ချင်ရင်

ကြယ်သီး တစ်လုံး မ' ဟ ထားချင်ရင်

ကိုယ် ခန္ဒာ တည့်တည့်မတ်

ကွက်ကြည့် ကွက်ကြည့် မရှိဘူးလို့ တွေး

အရိုးရှင်းဆုံး ဆင်ယင်မှု အတိုင်း

မင်းလည်း

သူလို ငါလို သပ်ရပ်လို့ ရပါလိမ့်မယ်။    ။




27th September 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...