Tuesday, August 13, 2013

သေနတ်ပစ်ခန်း မပါတဲ့ ဇာတ်လမ်း


မိုးယိုနေလို့ ရေခံရတာပါ …

မိုးရွာတုန်း ရေခံတာ မဟုတ်ပါဘူး ။ 

မီးအိမ်ကလေး လင်းဖြာနေဖို့လည်း

အမှောင်ကိုပဲ ဆုတောင်းယူရမလို …

ခြေခင်းလက်ခင်း သာတဲ့ အခါ 

အခန်း (၃၂) ကို ပြန်ဖတ်ကြတာပေါ့ လေ

အိပ်မက်တွေကိုတော့ 

တစ်ဖက်လှည့် နဲ့ ထားပစ်ခဲ့ရတယ် …

ကိုယ့် အသက်ဓာတ်လေး ကိုယ် 

သယ်သွားရတာတောင် 

စိတ် ´ဟာ …

တခြမ်းစောင်းကြီး လေးလို့ …။   ။





3rd July 2006

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...