Thursday, August 22, 2013

နီတိ

                    
                    သူမိုက်သည် မကောင်းမှုက အကျိုးမပေးသမျှ ကာလပတ်လုံး မကောင်းမှု ၌သာ အစဉ် မွေ့လျော်၏။ မကောင်းမှုက အကျိုးပေးလာသောအခါမူ သူမိုက်သည် ကောင်းမှု ဟူသည် လုပ်ဆောင်ရန် အခွင့် မရတော့ချေ။

အဘယ်သို့သော
အကြောင်းအားဖြင့်
အကြင်သူသည်
ဒုက္ခဆင်းရဲကို အလိုရှိတတ်အံ့နည်း…။

အဘယ်သို့သော
အကြောင်းအားဖြင့်
အကြင်သူသည်
သိမ်ငယ်နုံနဲ့မှုကို တောင့်တအပ်အံ့နည်း…။

အဘယ်သို့သော
အကြောင်းအားဖြင့်
အကြင်သူသည်
တစ်ကိုယ်တည်းငှာ
များက ဖဲခွာကြဉ်ရှောင်ခြင်းကို
လိုလားပျော်မွေ့တတ်အံ့နည်း…။

သို့ငြား…
လောကထိုထိုဝယ်
အကြင်သူတို့
မလိုလား၊ မတောင့်တ
မယူငင်ချင်တတ်သော
အကြောင်းတို့မှာ ဖြစ်ရာ၏…။

ရောက်နှင့်ပြီးသော ခရီးမှာ
ဦးစွာ တွေ့ခဲ့သော လမ်းအကွေ့တို့ကို
ပြန်မရောက်နိုင်တော့ သကဲ့သို့…
ကျူးလွန်ပြီးသော အမှားတို့မှာ
ရံဖန်ရံခါ
ပြန်လည် ပြုပြင်ခြင်းငှာ
မရထိုက်ကုန်…။    ။


=> ဘယ် အဆိုအမိန့်မှ မဟုတ်ဘူး ဗျို့…
      ဟိုတစ်နေ့က လောကနီတိ ပြန်ဖတ်ရင်း
      တွေးမိတာလေးတွေကို
      ဒီလိုပုံစံလေး ရေးကြည့်ချင်လာလို့… ခင်ဗျ…။





15th October 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...