ဘယ်သူ့ပြောပြော
ယုံနိုင်စရာ မရှိပါဘူးလေ...
မင့်ထံ လှမ်းသော ခြေလှမ်း ဆိုတာက
လေ´ထဲ လမ်းလျှောက်ရသလို...
ငါ့ ကိုယ် ငါ ပဲ သေချာနေတာ
ဒီဘက်ခေတ် အဆင်အပြင် အရ
ဘယ်လိုမှ အပ်ကျ မတ်ကျ မဖြစ်နိုင်တော့တဲ့ အဆင်မျိုး
အဲ့ဒီလိုလေးသာ ခွင့်ပန်လိုက်ရ
ဘယ် တစ်နေရာစာလေးမှာ မှ
ထည့်မတွေးလောက်ဘူး လို့ သိပြီးသား
ရူးလောက်စရာ အိပ်မက်တွေ နဲ့
ရင်ခုန်သံကိုပဲ အမှတ်ရရ
အလွမ်းကို နာတာရှည်ပေးခဲ့တဲ့
ရက်တွေ ဆီလည်း ထပ်´လွမ်းမိ
သိပ်မကြာသေးမီက
ဖြစ်တည်ခဲ့ခြင်း မို့ လည်း
သိပ်မကြာတော့တဲ့ အခါ
ပြီးပြီးပျောက်ပျောက် ဖြစ်သွားမှာပါ လို့သာ ...။
18th September 2009


No comments:
Post a Comment