Thursday, August 22, 2013

ကဗျာ


ကာရံမိဖို့

လိုက်တွေးနေရတာ နဲ့ တင်

အသက်ဓာတ်

ဒါမှ မဟုတ်

ရနံ့ … ပြောရမလား

အရသာ … ပြောရမလား

ပျောက်ချင်သလို ဖြစ်ဖြစ် သွားတတ်မြဲ …


အက္ခရာလေးတွေ စီပြီး …

အိပ်မက်တွေ

စိတ်ကူးတွေ

ထင်သာမြင်သာ ရှိအောင် ကြေငြာပေးရတာက …

ဝင်သက်ထွက်သက်ကို

တစ်ချက်စီ လိုက်မှတ်နေရတဲ့

စက္ကန့်တချို့ ရဲ့

မျက်နှာသာပေးမှု အရ ပဲ ဖြစ်တတ်တာမျိုး …။   ။





10:10 PM 9th October 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...