Thursday, August 22, 2013

ကျွန်တော့် ရဲ့ ခရမ်းနုရောင် သတို့သမီး



ကောင်မလေးရေ …
ဓါးရောင် အလက်မှာ
သွေးခြင်းခြင်း ၀တ်စားတန်ဆာ နဲ့
မင်း ငါ့ အနားကို တိုးဝင်လာတုန်းကပေါ့ …
ကြွင်းကျန်ရစ်သော
နောက်ဆုံး အင်အားအတိုင်း
ခရေပင်လမ်းကို
ရှင်းရှင်းပြပြ ဖြူးဖြန့်ထားပါတယ် ။


ကောင်မလေး ရယ် …
ရင်အစုံကို ခိုးကိုးပြီး ပျိုးထားတဲ့
ပန်းတစ်ခြင်း ရှိပါတယ် …
ကန္တာဆန်သော မြို့ရိုးမှာ
တမင် ထွန်းညှိထားသော
မီးအိမ်ငယ်များ ရှိပါတယ် …
ရှင်းရှင်းဖန့်ဖန့် တောက်ကျူးထားပြီး
အလင်းတလျှောက် နင်းလှမ်းခဲ့ရုံပါ …


ယုံပါ …
ကောင်မလေး နဲ့
ဝေးဖြစ်တဲ့ အခါ …
ငြိမ်ဖျ တိုးဆိတ်နေတဲ့ ပင်လယ်မှာ
မိုးသက်လေကျသလို …
သွေ့နွမ်း မှိန်ဖျော့နေတဲ့ တောအုပ်မှာ
ငှက်ကျေးတို့ ထပျံသလို …
အရာရာ ဟာ လန့် ထိတ် ခြင်း အတိ …
အသက်ဓာတ် ကျန်ရှိနေကောင်းမှ
နေလောက်တဲ့ အထိ …
မိန့်မူး တမ်းလျစွာ
လွမ်းဆွတ် ကျန်ခဲ့ဖြစ်မယ် လို့
တွေးပေးပါ … ။   ။

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...