Thursday, August 22, 2013

အလွမ်းကို မေ့အောင်လွမ်း



အတော်ဝေးဝေး

နှစ်ကာလတွေ အထိ တွေးထားမိပါတယ် ။

စိတ် နဲ့ ရော

ခံစားမှု နဲ့ ပါ

ဆင်ခြင်ကြည့်လိုက်တော့

ကံကြမ္မာ ခလောက်ဆန်တယ် လို့ ပဲ

ဒေါသ ဖြစ်ပေးရ မလိုလို

မြို့ရိုးပေါ် တက်ကြည့်မိပါမှ

ကိုယ့် ကိုယ်ကို ခံတပ်ထဲ မှာမှန်း သိရပေါ့ …


ဖန်ဆင်းတာတွေ …

ဖန်တီးတာတွေတော့ …

ငါက တခါတခါ ကျ

လုပ်ပေးချင်

အချိန်ကို ကြာအောင် စောင့်ရလေလေ

အချိန်တွေက ပိုလို့ ကြာသွားလေလေ သာ ဖြစ်ရ

အကြာကြီး အတူ နေရဖို့ ဆို

အကြာကြီးပဲ ခွဲနေရတယ် တဲ့လား ။


တကယ်ပဲ

စစ်စစ်ပေါက်ပေါက် လျှောက်တွေးကြည့်တော့မှ

ငါ့မှာ

လွမ်းမှန်းမသိအောင်

လွမ်းနေမိတာလည်း သိရတာ

အဲဒီနေ့ကတည်းကပါလေ …

မင့်အပေါ် မပိုင်ဆိုင်ရဲလောက်အောင်

ချစ်တတ်ခဲ့တာ သေချာ …။   ။






14th JUNE 2007

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...