Saturday, August 17, 2013

စိတ်ရဲ့ အလျဉ်


ပင်လယ်၊ နယ်ခြား၊ တောင်ပေါ်၊ ကန္တာရ

သစ်သီး၊ လေအေးပေးစက်၊ ရေကူးကန်

နေလောင်ခံ လိမ်းဆေးခရင်မ်

မကြည့်ဖြစ်သော လက်မှတ်နှစ်စောင်

မသွားဖြစ်သော လမ်းကြောင်းတစ်ခု

မနေဖြစ်သော အခန်းတစ်ခန်း နဲ့

ဟန်ဆောင်တာ မကြိုက်တဲ့ သရုပ်ဆောင်တစ်ယောက်

စိတ်ရော ကိုယ်ပါ လျှော့ချကြည့်ပါ

စိတ်နောက် ကိုယ်ပါ လုပ်ခဲ့တာတွေလည်း များပြီပဲ

စိတ်ပါလက်ပါ တွေးကြည့်ဖို့ထက်

စိတ်လိုလက်ရ လုပ်နိုင်သလောက်ဆိုရင်...

စိတ်သွားတိုင်း ကိုယ်ပါနိုင်ဦးမလား။    ။




22nd August 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...