Thursday, August 22, 2013

ပင်လယ်ဆီ တိုးဝင်သွားတဲ့ ညနေ



လေက ခြွေလို့မို့

မကြွေမြေ့ ဖြစ်ခဲ့တာသေချာ …

လရောင်ကို ဆင်မြန်းပြီး

တခမ်းတနားပဲ

ငါ့စိတ်ကို ဖမ်းစားခံခဲ့ရ

မင်းကတော့

သူလိုငါလို ပြုံးလိုက်တာ

ငါ နဲ့ ငါ့ မသိစိတ်မှာသာ

အဖန်ဖန် အလှန်လှန် ရန်တွေဖြစ်လို့ …။


စိတ်ကို အစာအတုတွေ

တပ်တပ်မျှားပြီး

ဒီလောက်အထိ ပြန်တည့်မတ်လာအောင်

ရွက်´ တပ် ထားရတယ်

သွေးတိတ်စ ဒဏ်ရာတွေကလည်း

ထိတဲ့အခါများတောင်

စစ်´ ကနဲ နာကြင်မိ


ဆီးနှင်း နဲ့ လှိုင်းကြမ်း တို့ကို ဖြတ်

အမြင့်မတ်ဆုံး တောင်အထပ်ထပ်မှာ

ထားပေးလိုက်မယ်´ လို့

တွေးထားမိတော့လည်း

စိတ်ခံအား´ ဆိုတာ

နုဖတ်မိတော့တာပေါ့ …

ငါ့ကိုယ် ရဲ့ အစွယ်အပွားပဲလို့

ထင်မှတ်ခဲ့တာလည်း မှားခဲ့ပြီလား …


အလွတ်လပ်ဆုံး တောင်ပံခတ်သံမျိုးမှ

တပ်မက်တယ်´ ဆိုတော့လည်း

ငါ က ဘာများကော ပြောရဦးမှာလဲ

ညစ်ထေးထေး …

အဲဒီ့ လမ်းကလေးမှာ …

တရံရော နေရီရီမှာ …

ဖ၀ါးတစ်လှမ်း အစ နဲ့

နောက်ပြန်လှည့်နေတဲ့ ခြေတစ်စုံကို

တွေ့ကြရပါလိမ့် …။   ။






9th May 2007

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...