Thursday, August 22, 2013

ကိုယ့်သမိုင်း ကိုယ်ရေး


နည်းပညာ နဲ့ ပြုလုပ်ထားတဲ့

သတင်းအချက်အလက် မြင်းရိုင်းဟာ

ငါတို့ ရဲ့

၂၁ နေ့သစ်တွေထဲ

လျှပ်ပြက်သလို အလင်းမျိုးနဲ့

ကဆုန်စိုင်းဝင်ရောက်လာ …

ငွေကြေး လိုအပ်ချက်နဲ့

ကိုယ်ကျင့်သိက္ခာ ဆိုတဲ့

မတည့်အတူနေ သတ္တ၀ါတွေကိုလည်း

သူကပဲ ခေါ်လာ …


ငါတို့မှာ …

စဉ်ဆက်မပြတ် ပြောင်းလဲမှုတွေ အတွက်

အသက်ကို မှန်မှန် ရှူဖို့တောင်

နောက်ကျတဲ့ အခါကျ ...

`ဒူးလောက်တင်မှ ရင်လောက်ကျမတဲ့´

အမြင်ကျယ်ကျယ် နဲ့

ဘ၀ကိုတော့ မကျဲပြန့်သွားစေနဲ့ ပေါ့ …

ဘ၀ ဆိုတာ

တစ်စစီ လိုက်ကောက်လို့ ရတာမျိုးမှ

မဟုတ်တာ …


ကြိုးဝိုင်းပေါ် တက်သွားတဲ့ သား´ကို

အမေကတော့

လက်ခုပ်တီးလိုက် ၊ လက်ပြလိုက် လုပ်နေမှာ

ကိုယ့် အခြေအနေသာ ကိုယ်သိ

စိတ်ကို ထိန်းကျောင်းရတာလေးလောက်မှ

မတတ်ရင် …

ဒီဘက်ကို မလာလိုက်နဲ့ !!

ရာဇ၀င် ထဲက

လူညံ့တွေ ရဲ့ လုပ်ပုံမျိုး

အဲဒီကနေပဲ လှည့်ပြန်ပါ …။   ။





13th MAY 2007

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...