Tuesday, August 13, 2013

ချွေးအစို့မှာ ပ၀ါတို့ပေးတာလို ပါးပြင်ဆီ တွားတက်လာသော အနမ်း

    
သတိရနေတယ် ... ဆိုတာ

သိရလေတိုင်း

ပို သတိရမိတော့တယ်

ပင်ပန်းဆင်းရဲရတဲ့ နေ့တွေတိုင်း

ခပ်ဝေးဝေး တစ်နေရာဆီ လည်း အကြောင်းမဲ့ ငေးငေးကြည့်ဖြစ်တယ်

ခက်တယ် …

လူဖြစ်လာခြင်း ကို က

အထားအသို မှားခဲ့သလိုပဲ

အငြင်းအခုံများ အပေါ်

အခြေအတင် မပြောလိုတော့တဲ့အခါ

နှစ်သိမ့်ဖို့ရာ သက်သက်

သက်တောင့်သက်သာ ရှိစေဖို့ သက်သက်

သူမ အနမ်း ကို မျှော်လင့်မိပါတယ် ။


29th August 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...